ကျား/မအခြေပြု အကြမ်းဖက်မှု (Gender based Violence) နှင့်ကျန်းမာရေးစောင့်ရှောက်မှု အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပ

ချောင်းဆုံ မတ် ၂၅

ကျား/မအခြေပြု အကြမ်းဖက်မှုခံစားရသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အခြားလိုအပ်သော ဝန်ဆောင်မှုများ ရရှိနိုင်ရေး အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ကျင်းပသည်။

 အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ကျန်းမာရေးစီးဦးဌာနမှူး ဒေါက်တာသူဇာဝင်းက ကျား/မ အခြေပြု အကြမ်းဖက်မှုနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ကျား/မအခြေပြု အကြမ်းဖက်မှု ပုံစံအမျိုးမျိုး၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ လိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သည်များ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အကြမ်းဖက်မှုများ၊ နည်းပညာသုံးအကြမ်းဖက်မှုများ၊ အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုကြောင့် ကျန်းမာရေးဆိုးကျိုးရလဒ်များ စသည့် အချက်များအပေါ် ဆွေးနွေးခဲ့ကြရာ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)