သတင်းများ

တပ်ကုန်းမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အသိပေးအချက်များကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
လှည်းကူးမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်/စာစောင်ပြပွဲ ကျင်းပ
Mar 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Comm unity Centre)ခန်းမတွင်  (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ခင်းကျင်းပြသကြောင်း သိရသည်။
ပဲခူးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 23,2022
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းတုန်းမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီက မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပညာရေးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Rs to CS မျိုးစေ့ထုတ် တောင်သူများအတွက် JICA စီမံကိန်းမှ တာပေါ်လင်များ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြုလုပ်သောRs to CS မျိုးစေ့ထုတ်တောင်သူများအတွက် JICA စီမံကိန်းမှ တာပေါလင်များ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လည် ၁ နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနည်း အသိပညာပေး ဆောင်ရွက်
Mar 23,2022
ဒေသခံမိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာမှတ်သားသိရှိပြီး လိုက်နာကျင့်သုံး လာနိုင်စေရေးနှင့်ဆောင်ရန် ရှောင်ရန်များအား သိရှိလုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် လျှပ်စစ် ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှေ့ နံရံကပ်ဘုတ်၌ ခင်းကျင်းပြသကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ လူငယ်လူရွယ်များ အကျင့်စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး၊ ဘက်စုံထူးချွန်ရေးအတွက် ရည်ရွယ်၍ ယနေ့နေ့လည် ၁၁ နာရီအချိန်က အ.ထ.က (မိုင်းကိုင်)၊ မြတ်သီရိခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၁၀၀ ဦးကျော် တက်ရောက်ခဲ့သည်။
သာစည်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Mar 23,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ပညာရေးမှူးရုံးနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။