သတင်းများ

ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ”အိုမီခရွန်”ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Mar 23,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ မုန်တိုင်းငယ်အန္တရာယ် သတိပေးထုတ်ပြန်ချက်များအား လိုက်လံနှိုးဆော်
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ညနေ ၅ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားမှုဖြင့် မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူ များအား မုန်တိုင်းငယ်အန္တရာယ် သတိပေးထုတ်ပြန်ချက်များကို လိုက်လံနှိုးဆော်ခဲ့သည်။
မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာများပုံမှန်ထုတ်ပေးလျက်ရှိ
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မြန့်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၇)နာရီက စတင်ကာ  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့် အညီထုတ်ပေးလျက်ရှိကြောင်းသိရသည်။
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးနှင့် ၆ လပြည့်ပြီးသူများအား Booster ဆေး ဆက်လက်ထိုးနှံပေး
Mar 23,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း /တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)  ကျောင်းဝင်းအတွင်းတွင် ယနေ့နံနက် (၀၉:၀၀)နာရီအချိန်က covishield phase 7(ဒုတိယ)အကြိမ်ထိုးနှံသူ (၇၇) ဦးနှင့် covishield phase 8 (ပထမ)  အကြိမ်ထိုးနှံသူ(၁၁၀)ဦး စုစုပေါင်းကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံသူ(၁၈၇)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကျောင်းကုန်းမြို့နယ်တွင် မုန်တိုင်းကြောင့် ယာယီရပ်နားထားသော စာမေးပွဲဆက်လက်ဖြေဆိုသွားမည်
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ အခြေခံပညာ စာသင်ကျောင်းများတွင် ဖြေဆိုလျက်ရှိသော Grade 9, Grade 11 စာမေးပွဲများအား လက်ရှိအာစနီမုန်တိုင်းအခြေအနေကြောင့် မတ်လ ၂၂ ရက်နေ့မှစ၍ ဧရာဝတီတိုင်းဒေသကြီး တစ်တိုင်းလုံး ယာယီပိတ်ထားရာမှ မတ်လ ၂၅/၂၆ ရက်နေ့တွင် ပြန်လည်ဖြေဆိုကြရမည်ဟု တိုင်းဒေသကြီးပညာရေးမှူးရုံးက ညွှန်ကြားထားကြောင်း သိရသည်။
လသာမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Mar 23,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ အထက (၂) လသာကျောင်း၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
 (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဆွေးနွေးပွဲ (Talk Show)ကျင်းပ
Mar 23,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် အသိပညာပေး (Talk Show)ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်(၁း၀၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက် က‌လေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ်
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် က‌လေးငယ်များအတွက် ထောက်ပံ့ရေး အစီအစဉ် (MCCT) အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။