သတင်းများ

လင်းခေးတွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပြည်သူများအား ပင်စင်လစာ လစဉ်ပုံမှန်ထုတ်ပေး
May 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ ယနေ့ နံနက် ၉နာရီခွဲမှ စတင်၍ မြို့နယ်အတွင်း ရှိနိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပြည်သူများအား ပင်စင်လစာ ပုံမှန်ထုတ် ပေးလျက်ရှိကြောင်း သိရသည်။
­ဘုတ်ပြင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့်‌ နေအိမ်တစ်လုံးပြိုကျပျက်စီး
May 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ ရေငံကြီးကျေးရွာအုပ်စု ပန်းဖုံချောင်းကျေးရွာတွင် ယမန်နေ့ နံနက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့် ရေနံကြီးကျေးရွာ အုပ်စု၊ ပန်းဖုံချောင်းကျေးရွာ၌နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကျင်းပ
May 23,2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(မူလ)ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ကျင်းပသည်။
နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
May 23,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်ခန့်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရန်လျာထားမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရန်လျာထားမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်ပင်ပေါင်း (၂) သိန်းကျော် စိုက်ပျိုးပြီးဖြစ်
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်အတွင်း သစ်ပင်ပေါင်း (၂) သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမော်နိုင်ထံမှ သိရသည်။
ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာဆရာတော် ဘဒ္ဒန္တဝဏ္ဏိတဆရာတော်အရှင်သူမြတ်၏ ဂုဏဝိသိဌပူဇာ မင်္ဂလာအခမ်းအနားကျင်းပ
May 23,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော “သဒ္ဒမ္မဇောတိကဓဇ” ဘွဲ့ တံဆိပ်တော်ရ ဘဒ္ဒန္တဝဏ္ဏိတ ဆရာတော်အရှင်သူမြတ်၏ ဂုဏဝိသိဌပူဇာမင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီက ငဖဲမြို့နယ်ဂုတ်ကြီးကျေးရွာ ဘုရားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
May 23,2022
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့်သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကိုရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အားကျင်းပခဲ့ကြောင်းသိရသည်။