အင်းစိန် မေ ၃၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၃)တွင် အောင်ဆန်းအားကစားကွင်းအဆင့်မြှင့်တင်တည်ဆောက်ခြင်း ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းရေးနှင့် ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦးက လုပ်ငန်းအခြေအနများကို ရှင်းလင်းတင်ပြပြီး အတွင်းရေးမှူးလက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်သူမြင့်က Power Point ဖြင့် လုပ်ငန်းအခြေအနများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက လုပ်ငန်းစဉ်များကိုအသီးသီးဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)