သတင်းများ

မော်လိုက်မြို့၌ ကျောင်းသားလူငယ်များအတွက် နွေရာသီအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်ဆောင်ရွက်
Mar 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကျောင်းသား လူငယ်များအတွက် နွေရာသီအင်္ဂလိပ်စာ သင်တန်းကို မတ်လ ၁၃ မှ ဧပြီလ ၇ ရက်​​​​နေ့ထိ ချိန်မော်လိုက်ခရိုင်ရုံး Community Centre ခန်းမတွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
မိုင်းရယ်၌ နွေစပါးနှင့်ဆောင်းသီးနှံစုံ ၁၇၁၈၄ ဧက စိုက်ပျိုးနိုင်ခဲ့
Mar 31,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆည်ရေသောက်၊ ဒေသ အလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည်စနစ်များဖြင့် နွေစပါးနှင့် ဆောင်းသီးနှံစုံ ၁၇၁၈၄ ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ အစိုးရပါဠိ ပထမပြန်စာ​မေးပွဲ (၄)ရက်​မြောက် ဆက်လက်​ဖြေဆိုမည်
Mar 31,2023
ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ပင်းတယမြို့နယ်၌ (၄)ရက်မြောက် အစိုးရစာ​​​ဖြေပွဲ​တော်အား ယ​နေ့မွန်းလွဲ ၁ နာရီအချိန်တွင် မြို့နယ်ဓမ္မာရုံတွင် ဆက်လက်​ဖြေဆို​သွားမည်ဖြစ်​ကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်၊ မြို့မမူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Mar 31,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့မကိုယ်ထူကိုယ်ထမူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Mar 31,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၃၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေါက်တောမြို့၌ ရခိုင်သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် သမိုင်းသုတစကားဝိုင်းပြုလုပ်
Mar 31,2023
ရခိုင်ပြည်နယ်၊  စစ်တွေခရိုင်၊  ပေါက်တောမြို့၌ ရခိုင်သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် သမိုင်းသုတစကားဝိုင်းကို ယမန်နေ ညနေ ၇ နာရီက ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း ရုံးရှေ့တွင်း၌ ကျင်းပခဲ့သည်။
တောင်ကုတ်မြို့နယ်၌ ၂၀၂၃ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကျင်းပ
Mar 31,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲကို ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယ ဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီအချိန်မှ ညနေ(၄)နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ နွေရာသီအခြေခံဘောလုံး၊ ကရာတေးဒို၊ တိုက်ကွမ်ဒိုနှင့် မြန်မာ့သိုင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Mar 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံဘောလုံး၊ ကရာတေးဒို၊ တိုက်ကွမ်ဒိုနှင့် မြန်မာ့သိုင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀:၀၀)အချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။