သတင်းများ

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးခြင်း အခမ်းအနား ကျင်းပ
Mar 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက် (၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ကျင်းပသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Mar 31,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ခရိုင်မှတ်ပုံတင်ရေး အဖွဲ့မှ  မောင်တောခရိုင်အတွင်း မှတ်ပုံတင်ခွင့်ပြုထားသည့် သက်တမ်းရှိအသင်း အဖွဲ့ဝင်များအားအသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် အကြမ်းဖက်မှုများကိုငွေကြေးထောက်ပံ့ရာတွင် NPO များကို အလွဲသုံးစားပြုခြင်းဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်
Mar 31,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မီးဘေး လုံခြုံရေးရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေဇင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက ၁၀ နာရီအချိန်က အလယ်ဈေးရပ်ကွက် အသင့်စားမုန်တီခြောက်စက်ရုံသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပဒေသာကပွဲနှင့်မူလတန်းကြိုအဆင့် သင်ယူပြီးမြောက်ကြောင်း ကျောင်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပွဲကျင်းပ
Mar 31,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ပဒေသာကပွဲနှင့် မူလတန်းကြိုအဆင့်သင်ယူပြီး မြောက်ကြောင်းအသိအမှတ်ပြု ကျောင်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရမည်းသင်းခရိုင်  လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးရေးသားနည်းနှင့်ဂျပန်စကားပြောနည်းသင်တန်း၊သင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Mar 31,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူးကျင်းပသည့်နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစေရန် စာစီစာကုံးရေးသားနည်းနှင့်ဂျပန်စကားပြောသင်တန်း၊ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရမည်းသင်းခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။‌
သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကျင်းပ
Mar 31,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center) ခန်းမ၌ ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယနေ့နံနက် ၁၀နာရီက သရက်ချောင်းမြို့၊ လူထုအခြေပြဗဟိုဌာနတွင် သင်တန်း ဆင်းပွဲကျင်းပခဲ့သည်။
နွားထိုးကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အသိပညာပေးဆွေးနွေးပွဲကျင်းပ
Mar 31,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီကသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်စိန် (အရှေ့) ကျေးရွာ၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး
Mar 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊မေတ္တာကုန်းကျေးရွာအုပ်စု၊ တောင်စိန် (အရှေ့) ကျေးရွာ၊ ကရင်ဘုရားကျောင်း၌ ယမန်နေ့ နေ့လယ် ၁၂ နာရီ၃၀မိနစ်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ ‌ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့်ပြည်သူလူထု‌ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။