တနိုင်း ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ မြို့နယ်ဆရာဝန်ကြီး ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက စည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးပြီး စနစ်တကျ တပ်ဆင်စေ၍ မလိုအပ်ဘဲ နေအိမ်အပြင်သို့ ထွက်ခွာခြင်း မပြုလုပ်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)