ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 11,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံသင်တန်း(၃)ခုကို ဖွင့်လှစ်သင်ကြားပေးသွားဖြစ်ကြောင်း သိရသည်။
Mar 01,2020
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့တွင် ပညာရေးဝန်ကြီးဌာန နည်းပညာအသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်း (မုံရွာ)တို့ ပူးပေါင်း၍ အိမ်တွင်းလျှပ်စစ်ပြုပြင်ထိန်းသိမ်းနည်းနှင့် ဝါယာသွယ်တန်းနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန် နေ့ နေ့လယ် ၁ နာရီက ကနီမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Mar 01,2020
ကော့သောင်းမြို့နယ်လုံးဆိုင်ရာအကြိမ် (၂၀)မြောက် ပရိယတ္တိသာသနာ့နုဂ္ဂဟ စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကော့သောင်းမြို့ ပြည်တော်အေးသာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ရာ ဆရာတော် သံဃာတော်ကြီးများ၊ စာအောင် ရှင်သာမဏေများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်စေတနာရှင် မြို့နေပြည်သူများ တက်ရောက်ကြသည်။
Mar 01,2020
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ နွေနှမ်းအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ မြောက်မုန်းမြောင်းမကြီးအား စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
Mar 01,2020
မန္တလေးမြို့ရှိ ဘာသာပေါင်းစုံမှ လူငယ်များ စွမ်းဆောင်ရည်မြင့်မားပြီး အချင်းချင်း တန်ဖိုးထားလေးစားတတ်စေရန်၊ ငြိမ်းချမ်းရေးအား ဖော်ဆောင်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍအနေဖြင့် တစ်ထောင့် တစ်နေရာမှ ပါဝင်နိုင်စေရန်၊ ပညာရေးဆိုင်ရာအခွင့်အလမ်းများရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် "ခေါင်းဆောင်မှုနှင့် ကိုယ်ကျင့်တရား" လူငယ်နှီးနှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ၂၆x၂၇ လမ်းကြား၊ ၈၃ လမ်းရှိ ရတနာသိင်္ဂီဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Mar 01,2020
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် ရှေးဘိုးဘွားများ တည်ထားခဲ့သည့် မြို့ကျက်သရေဆောင် သွန်းဘုရားကြီး၏ (၉၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သွန်းဘုရားကြီးမုခ်ဦးရှေ့တွင် ကျင်းပခဲ့သည်။
Mar 01,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာအုပ်စု အလွတ်တန်း (ဂိုးလတ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့သည်။