ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 29,2020
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကောလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲသည်။
Feb 29,2020
မြို့နယ်မှ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးမည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန၏ (၁၆) ခုတင်ဆံ့ ကန့်ဘလူမြို့ တိုင်းရင်းဆေးရုံဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်က ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်ရှိ အဆိုပါဆေးရုံ၌ ကျင်းပသည်။
Feb 29,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ နယ်လှည့်ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ညောင်ငုတ္တိုလ် ကျေးရွာအုပ်စုရှိ အင်ကြင်းပွင့်မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 29,2020
ပခုက္ကူမြို့နယ်၊ ရေလာအုပ်စု၊ ရေလာလေးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ laptop ကွန်ပျူတာတစ်စုံ လှူဒါန်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်း၌ ကျင်းပသည်။
Feb 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့ နံနက် ၉နာခွဲအချိန်က မြို့နယ်ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဖြစ်သော အာမခံကျေးရွာအုပ်စု၊ သြဂ ကျေးရွာရှိ တောင်သူများအား အီးအမ်ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်းကို လက်တွေ့ သရုပ်ပြသပေးခဲ့ကြောင်းသိရသည်။
Feb 29,2020
ရေစကြိုမြို့နယ် ထန်းတော(ကူနီ) ကျေးရွာ၌ ရွှေမုဋ္ဌောဆုတောင်းပြည့် ဘုရားပွဲတော်နှင့် ရွှေကူနီပွဲကို ကျင်းပလျက်ရှိရာ ယနေ့တွင် ပွဲတော်လာ ဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။
Feb 29,2020
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ စိုင်တီစုကျေးရွာအုပ်စု ကျွဲတဲစုကျေးရွာ အ.မ.က(ခွဲ) ကျောင်းဆောင် သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ( ၁၀း၀၀ )နာရီ က အ.မ.က(ခွဲ)ကျောင်း ကျွဲတဲစုကျေးရွာ၌ ကျင်းပခဲ့သည်။
Feb 29,2020
မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ၏ (၂၀၁၆-၂၀၁၉)ခုနှစ် သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ကနောင်ခန်းမတွင် ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။