ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 11,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးတေဇနိယ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သင်ကြားပေးနေသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာ၊ ဆရာမများ ၊ ကျောင်း သား/ကျောင်းသူများနှင့် ဝေယျာဝစ္စ ကူညီဆောင်ရွက်ပေးကြသူများ အတွက် စားနပ်ရိက္ခာ ဖူလုံစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ထိုင်ဝမ်နိုင်ငံသား မစ္စတာကော (ပြည့်ပြည့်ဝဝကုမ္ပဏီ)မိသားစုက ဆန်အိတ် အလုံး ၃၀၀ လာရောက် လှူဒါန်းခဲ့ကြောင်း အဆိုပါ ပေတောကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာမကြီး ဒေါ်ခိုင်အေး ထံမှ သိရသည်။
Mar 11,2020
ယနေ့ မွန်းလွဲ ၁ နာရီ ၇ မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ ဘဲလင်းကျေးရွာ အထပ်သားစက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်
Mar 11,2020
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် စိန်ပန်းပြာ (၁၀)လမ်း နေအိမ်တစ်အိမ်၌ ယနေ့နံနက် ၁၀နာရီ ၂၃ မိနစ်တွင် ထမင်းအိုးအပူလွန်ကဲရာမှ သစ်သားခုံသို့ မီးကူးစက်ပြီး  သွပ်မိုးဝါးထရံကာ နှစ်ထပ်နေအိမ် နှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
Mar 11,2020
ဓမ္မစကူးလ်ကျောင်းများ ရည်ရှည်တည်တံ့ခိုင်မြဲရေးနှင့် မြို့နယ်အသီးသီးမှ ဓမ္မစကူးလ်နှင့်ပတ်သက်သော အောင်မြင်မှုရလဒ်များအတွက် တိုင်းဒေသကြီးလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက်(၄)လ ပတ်အစည်းအဝေးကို ဖောင်းပြင်မြို့နယ် ရွှေညောင်ပင် ကျေးရွာရှိ ရွှေပုဂံကျောင်းတိုက်၌ ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
Mar 11,2020
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းတို့ ပူးပေါင်း၍ လူငယ်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၉)ရပ်ကွက်၊ ကျော်သူလမ်းရှိ တြိရတနရက္ခိတဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 11,2020
မိတ္ထီလာမြို့နယ်၌ ကလေးများအတွက် သင်ကြားသင်ယူမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ Upper KMN မှ KG နှင့် မူကြိုကလေးများအတွက် လည်ပတ်ရန်ပုံငွေများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Mar 11,2020
ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသံထွက်စာဖတ်ခြင်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သည်။
Mar 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျေးလက်နေပြည်သူများ အိမ်တွင်းမှုအတတ်ပညာများဖြင့် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်လာစေရန်၊ ကုန်ကျစရိတ် နည်းနည်းဖြင့် မုန့်မျိုးစုံကို ပြုလုပ်နိုင်စေရန်နှင့် အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရန်အတွက် ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ရပ်ရွာအခြေပြု မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့သည်။