ဝေးလံခေါင်ဖျားဒေသသတင်းများ

Jan 29,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူများအား ကြိုတင်စာရင်း ကောက်ယူခြင်း ဆိုင်ရာ ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ပြုလုပ်သည်။
Jan 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်မည့်မြေနေရာ အဆောက်အဦ ပန္နက်ရိုက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က အဆိုပါနေရာတွင် ကျင်းပခဲ့ပြီး အခမ်းအနားကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ်(၁)ဦးစိုင်းနောင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဒေါ်ပါယို့ နှင့် ကုမ္ပဏီမှတာဝန်ရှိသူတို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
Jan 29,2021
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ (၅)ရက်(၁)ကြိမ်ဖွင့်လှစ်ရောင်းချလျက်ရှိသော မြို့မဈေးအဝင်းတွင် ယနေ့ နံနက်ပိုင်းက ဈေးဝယ်ပြည်သူ လူထုများနှင့် ဈေးသည်များအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးသည်။
Jan 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်ထောက်ပံ့ငွေ များကို ရပ်ကွက်/ကျေးရွာအုပ်စုရှိ ပြည်သူများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စ၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အသီးသီးသို့သွား​ ရောက်ပေးအပ်ခဲ့‌ကြောင်း သိရသည်။
Jan 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁ဝ နာရီအ ချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jan 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နေ့လည် (၂)နာရီအချိန်က မြို့နယ်ကျန်းမာရေးဌာန၊ အစည်းအဝေးခန်းမတွင် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Jan 29,2021
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မိုင်နွဲကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းမှ အီတလီချေးငွေဖြင့် NEP(IT-1) ဆိုလာမီးတပ်ဆင်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၇ က်နေ့တွင် တီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေါ်ထန်ငိုက်လွန်း (အငယ်တန်း အင်ဂျင်နီယာ-၂)နှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 28,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀နာရီခွဲမှစတင်၍ ဆွမ်ပရာဘွမ်မြို့နယ် ပြင်ပလူနာဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။