ဆွမ်ပရာဘွမ်မြို့နယ်ရှိ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

ဆွမ်ပရာဘွမ် ဇန်နဝါရီ ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲမှစတင်၍ ဆွမ်ပရာဘွမ်မြို့နယ် ပြင်ပလူနာဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကုသရေး ဦးစီးဌာနမှဝန်ထမ်း ၂၁ ဦး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်း ၈ ဦး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ကျန်းမာရေး ဝန်ထမ်း ၃၀ ဦးတို့အား ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီး၍ ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာပါက အချိန်မီကုသစစ်ဆေးခြင်း ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ ပြင်ဆင်မှုများလည်း ဆောင်ရွက်ထားရှိကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ထွန်းက ပြောကြားခဲ့သည်။

အဆိုပါ ဆေးထိုးခြင်းကို ဆွမ်ပရာဘွမ်မြို့ နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကုဋေ (ပြန်/ဆက်)