ဝေးလံခေါင်ဖျားဒေသသတင်းများ

Jan 27,2021
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခဲ့ရာ ဇန်နဝါရီ ၂၇ ရက်နေ့က  ကျောက်ဆည်မြို့မှ ဝင်ရောက်လာသည့် (၁၂)ဘီးကုန်တင်ယာဉ်မောင်း အမျိုးသား(၁)ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိ၍ ရောဂါပိုးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။
Jan 27,2021
ဖလမ်းခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၁)ကို ယနေ့နံနက် ၁၁ နာရီက ဖလမ်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်သည်။
Jan 27,2021
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၆)ဦးသည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ် ကြောင်းသိရသည်။
Jan 27,2021
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန တွင် မြို့အမျိုးသမီးရေးရာအဖွဲ့နှင့် SACC (Social Action For Communities Changes)တို့ပူးပေါင်းကာ အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
Jan 27,2021
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်- ၁၉ ကာကွယ်ဆေး COVISHIELD ကို ယနေ့နံနက် ၉ နာရီက သတ်မှတ်ထားသည့် စုရပ်နှစ်နေရာတွင် စတင်ထိုးနှံပေးလျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုး က သွားရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။
Jan 27,2021
ချင်းပြည်နယ်၊ ရေဇွာမြို့ရပ်ကွက်(၄)ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် အခြေခံပညာ အထက်တန်း ကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။
Jan 27,2021
တာဆန်းလဲ ဘုန်းတော်ကြီးကျောင်းသည် ရွာသစ်မြို့မှ (၃)မိုင်ခန့် သံလွင်မြစ် အနောက်ဘက် ကမ်းကုန်းပေါ်တွင် ဇရပ်တစ်ဆောင်နှင့်အတူ ယခင်က တည်ရှိခဲ့ဖူးကြောင်း၊ ကျောင်းမှာ သားနားထည်ဝါ လှသည်ကား မဟုတ် ကြောင်း၊ ပျဉ်ထောင်အင်ဖက်မိုး ကျောင်းဆောင်လေး သာဖြစ်ကြောင်း၊ ကျောင်းထိုင်ဆရာတော် အဆက်ဆက် သီတင်းသုံး၍ သာသနာပြုခဲ့ကြောင်း သိရသည်။
Jan 27,2021
ဖလမ်းမြို့နယ်၊ အဲလ်မွှန်ပီးကျေးရွာတွင် အကောင်အထည်အဖော် ဆောင်ရွက်မည့် ကျေးရွားဖွံ့ဖြိုးရေး စီမံကိန်း (Village Development Plan) မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီရွေးချယ်ခြင်းနှင့် သင်တန်းသား ရွေးချယ်ခြင်း လုပ်ငန်းများကို ယမန်နေ့က ဖလမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။