ဝေးလံခေါင်ဖျားဒေသသတင်းများ

Jan 28,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
Jan 28,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေ အသိပညာပေး ဆွေးနွေးပွဲကို ယမန်​နေ့က ပန်တိန်းကျေးရွာ ခန်းမဆောင်၌ ကျင်းပ သည်။
Jan 28,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ဇီဒမ်းကျေးရွာတွင် ယမန်နေ့တွင် စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 28,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့အမှတ်(၁)ရပ်ကွက်ရှိ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်လုပ်ပြီးစီးသည့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသစ်နှင့် ဝန်ထမ်းအိမ်ယာ အဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jan 28,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြား လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့က ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 28,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ကိုဗစ်−၁၉ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ် ပြည်သူ့ဆေးရုံတွင် စုရပ်အဖြစ်ထားရှိပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ်−၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Jan 28,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း(၁၀.၅၅၀)ဖြင့် မြို့တွင်းလမ်းမီးများ တပ်ဆင်ခြင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှစ၍ မြို့လျှပ်စစ်မှူးရုံးမှ စတင်တပ်ဆင် လျက်ရှိကြောင်းသိရသည်။
Jan 27,2021
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီအချိန်တွင် သတ်မှတ်ထားသည့် စုရပ်နေရာတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။