ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 07,2020
မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း သက်သာချောင်ချိရေးအတွက် ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Sep 07,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရေဇွာမြို့ရပ်ကွက်(၄)ကွက်အပြင်​ ကျေးရွာအုပ်စု (၂၁)ရွာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးနှင့် မဲစာရင်း တိကျမှန်ကန်မှု ရှိစေရန် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်များ ပူးပေါင်းပြီး မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 07,2020
မင်းတပ်မြို့တွင်းရှိ ပြည်သူများ နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိဘဲ သွားလာသူများကို နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေး​ဝေခြင်းကို Mindat COVID-19 Volunteer အဖွဲ့နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် မင်းတပ်မြို့ရှိ လမ်းဆုံလမ်းခွနေရာများနှင့် မြို့မစျေးရှေ့တွင် ပြုလုပ်ကြကြောင်း သိရသည်။
Sep 07,2020
ကိုကိုးကျွန်းမြို့နယ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ပထမအခေါက်ခရီးစဉ်ကို
Sep 07,2020
ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို မင်းတပ်မြို့နယ်ရှိ အသက် (၉) နှစ်နှင့် (၁၀) နှစ်အထက် အမျိုးသမီးများကို စက်တင်ဘာ ၂၀ ရက်နေ့တွင် ထိုးနှံပေးနိုင်ရန်အတွက် စက်တင်ဘာ (၅) ရက်နေ့တွင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ သင်တန်းပေးလျက်ရှိကြောင်း သိရသည်။
Sep 07,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ ခြင်အန္တရယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၇ နာရီမှစ၍ အခမဲ့ ဖြန့်ဝေခဲ့ကြသည်။
Sep 05,2020
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက တာမိုးညဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များနှင့် ရပ်မိ/ရပ်ဖများတွေ့ဆုံဆွေးနွေးညှိနှိုင်းသည်။
Sep 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ ဒေသန္တရကျေးလက် ကျန်းမာရေးဌာနခွဲမှ အသက်(၂)လ မှ (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။