ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 08,2020
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ကြားချက်များ နှင့်အညီ လိုက်နာရမည့် စည်းကမ်းချက်များကို ထန်တလန်မြို့ အမှတ်(၁၊၂၊၃) ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေး နှိုးဆော်ခဲ့ကြ​သည်။
Sep 08,2020
ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် ၃၅ နေရာတွင် စက်တင်ဘာ ၇ ရက် ည ၁၀ နာရီခန့်၌ ကမ်းပါးပြိုကျသဖြင့် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်း ခေတ္တပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
Sep 08,2020
၂၀၁၉- ၂၀၂၀ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွား လာသည့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက တီးတိန်မြို့၊ အစိုးရမူလတန်းကြိုကျောင်း၌ ပြုလုပ်သည်။
Sep 08,2020
မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်း အိမ်ထောင်စုများအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေအား ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျီခါးမြို့ပေါ်ရှိ မသန်စွမ်းအိမ်ထောင်စုများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 08,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၌ မသန်စွမ်းသူများအား နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်ခြင်း အစီအစဉ်ဖြင့် ထောက်ပံ့ငွေများကို မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၁)နာရီက ပေးအပ်ခဲ့သည်။
Sep 08,2020
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေး (၂၇/၂၀၂၀)ကို စက်တင်ဘာလ ၇ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့်ကော်မတီဝင်များ၊ ဖွဲ့စည်းထားသည့် ကော်မတီအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 08,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/ မရှိ ယမန်နေ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမဆောင်တွင် ယမန်နေ့ ညနေ ၄ နာရီက ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းဝေး ပြုလုပ်ရာ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းအောင် က ခန္တီးခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်း ဖတ်ကြားခဲ့ကြောင်း သိရသည်။