ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း စိစစ်ဖြည့်သွင်းမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် Advocacy meeting and Training for mandatory case ကျန်းမာရေး အသိပေးဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ က ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်မ ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း(mask) တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့တွင်းလူသွား လမ်းဆုံ နေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Sep 05,2020
ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ် ပညာသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီက အဆိုပါကျေးရွာ နှစ်ခြင်းဘုရားကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 05,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးခြင်းဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကွမ်ဂျီးက အဖွင့်အမှာစကား ပြောကြားသည်။
Sep 05,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို စက်တင်ဘာလမှ စတင်၍‌ နေ့စဉ် ည(၉) နာရီ အချိန်တိုင်း အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 04,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်း အဝေးခန်းမ၌ကျင်းပသည်။