ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 03,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ပြင်ပရောက်သူများက ပုံစံ(၁၅)ဖြင့် ကြိုတင်မဲပေးနိုင်ရန် တောင်းဆိုထားသူများမှ မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်ဆန္ဒမဲ ရောက်ရှိလာသူများအား အများရှေ့မှောက်တွင် ချိတ်ပိတ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
Oct 30,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံမှမြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန့်ဇင် ဦးဆောင်၍ ကျန်မာရေးဝန်ထမ်းများသည် ယမန်နေ့နံနက် ၉နာရီအချိန်တွင် ကိုကိုးကျွန်း မြို့နယ်ရှိ သက်ကြီးဘိုးဘွား(၃၀)ဦးအား သွေးတိုး-ဆီချို-သွေးခုန်နှုန်း မှန်မမှန်နှင့် အခြားလိုအပ်သည့် အထွေထွေရောဂါများကို စမ်းသပ်ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများနှင့် အားဆေးအမျိုးမျိုး တို့ကိုလည်း တစ်လစာ ပေးအပ်ခဲ့ကြောင်း သိရသည်။ 
Oct 29,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နို၀င်ဘာလ(၈)နေ့တွင် ကျင်းပမည်ဖြစ်ရာ ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့တွင် မဲရုံပေါင်း(၉)ရုံနှင့် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း(၁၀၁၃)ဦးရှိကြောင်း သိရသည်။
Oct 28,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖလမ်းမြို့နယ်အတွင်း ပါတီ(၃)ခုမှ ကိုယ်စားလှယ်လောင်း(၁၁)ဦးနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ် လောင်း(၂)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖလမ်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Oct 28,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများအား လေ့ကျင့်သင်ကြားသည့် အထူးရဲသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက ဖလမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ရှလွယ်ခန်းမ၌ ပြုလုပ်သည်။
Oct 28,2020
ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကျောင်းဆရာမ(၁)ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အောက်တိုဘာ ၂၈ ရက် နံနက်က ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်။
Oct 28,2020
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (အိတ်ချ်ပီဗီ)ထိုးနှံခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် လိုင်လင်းပီမြို့၊ တိုက်နယ်ဆေးရုံ၌ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများမှ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Oct 28,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၈)နာရီအချိန်တွင် ဗိုလ်တိုက်ချွန်း အားကစားကွင်း၌ ကျင်းပကြောင်းသိရသည်။