ပန်နန်းဒင် အောက်တိုဘာ ၂၉
၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နို၀င်ဘာလ(၈)နေ့တွင် ကျင်းပမည်ဖြစ်ရာ ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့တွင် မဲရုံပေါင်း(၉)ရုံ နှင့် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း(၁၀၁၃)ဦးရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်အဆင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း(၁)ဦး အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း(၃၇)ဦး၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ ပြည်နယ်အဆင့် လွှတ်တော် ကိုယ်စားလှယ်(၄)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅) ဦး၊ လီဆူတိုင်းရင်းသားလူမျိုးများရေးရာ ကိုယ်စားလှယ်(၇)ဦး၊ ရ၀မ်တိုင်းရင်းသား လူမျိုးများရေးရာ ကိုယ် စားလှယ်(၅)ဦး၊ ရှမ်းတိုင်းရင်းသားများရေးရာ ကိုယ်စားလှယ်(၇)ဦး၊ ဗမာတိုင်းရင်းသားများရေးရာ ကိုယ်စားလှယ်(၆)ဦး ကိုယ်စားလှယ် စုစုပေါင်း (၃၇)ဦး ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
နောယော်ဘော်၊ဖုန်ကူးခါ့မိုင်(ပြန်/ဆက်)