ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 22,2020
ဂန့်ဂေါ- ပုလဲ- မုံရွာကားလမ်း ၈၀/၇ နှင့် ၈၁/၁ ကြား စင်းစယ်ကျေးရွာအနီးတွင် မုံရွာမြို့ဘက်မှ ဂန့်ဂေါ - ဟားခါး မြို့ဘက်သို့ အိမ်ဆောက်ပစ္စည်းများတင်ဆောင်၍ မောင်းနှင်လာသော ဟီးနိုးအပြာရောင်ယာဉ်တစ်စီးသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
Feb 22,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့်ကြိုတင်တားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် ရပ်ကွက်ပြည်သူများနှင့်ပူးပေါင်း၍ မီးငြှိမ်းသတ်မှု ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲက အောင်မင်္ဂလာ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး အနီးတွင် ပြုလုပ်ခဲ့သည်။