Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တောင်တွင်းကြီးမြို့နယ် စာစစ်ဌာန (၁၁) ခု၌ သင်္ချာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅၈၂၁) ဦး ဖြေဆို
Mar 13,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် (၉) နာရီက နိုင်ငံတစ်ဝန်း စာဖြေဌာနများတွင် သင်္ချာဘာသာရပ်အား တတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် စာဖြေဌာန (၁၁) ခုရှိပြီး စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၆၀၉၀) ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၅၈၂၁) ဦး ဖြေဆိုရန် ပျက်ကွက်သူ (၂၆၉) ဦး၊ ဖြေဆိုသည့်ရာခိုင်နုန်းမှာ (၉၅•၅၈) ရာခိုင်နုန်းရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အိမ်ယာမြေပိုင်ဆိုင်ထားရှိမှုနှင့် ပတ်သက်၍ နွေးဆွေးပွဲကျင်းပ
Mar 13,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ အိမ်ယာမြေပိုင်ဆိုင်ထားရှိမှုနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့၌ ART ဆင့်ပွားဆေးကုသမှုဌာန (ART DC Site) အသစ်ဖွင့်လှစ်ခြင်းကို အသိပေး ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
Mar 13,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ART ဆင့်ပွားဆေးကုသမှုဌာန (ART DC Site) အသစ်ဖွင့်လှစ်ခြင်းကို အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာ၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၁) သင်တန်း ဆင်းပွဲကျင်းပ
Mar 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃) မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဋ္ဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်း (လပွတ္တာ) ၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် (၉) နာရီအချိန်က အဆိုပါသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင် ဆက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ် အနောက်နံဂါတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးလျက်ရှိ
Mar 13,2020
ပခုက္ကူမြို့နယ် အနောက်နံဂါတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ မျက်စိဝေဒနာရှင်များအား မတ်လ ၁၀ ရက်နေ့မှစတင်၍ အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံးအား လေ့လာတွေ့ရှိမှုများ ပြန်လည်မျှဝေ တင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Mar 13,2020
မိတ္ထီလာမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံး၏ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ပြည်သူ့ အမှတ်ပေးကတ်ဖြင့် လေ့လာတွေ့ရှိမှုများ ပြန်လည်မျှဝေတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပေါက်ချောင်းရပ်ကွက် ဟိုတယ်ထီလာခန်းမတွင် ကျင်းပ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေး ဟောပြောဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Mar 13,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ရွှေမုဌောဘုရားဓမ္မာရုံတွင် ယမန်နေ့ညနေ (၂) နာရီက မြို့နယ် ကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်နှင့် တာဝန်ရှိသူများသည် ဈေးတန်းရပ်ကွက်နှင့် ကံဦးရပ်ကွက်များရှိ အမျိုသမီးထုနှင့် တွေ့ဆုံပြီး ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဟောပြောဆွေးနွေး ပြုလုပ်ခဲ့ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က မြို့နယ်အမျိုးသမီး ကော်မတီမှ လုပ်ဆောင်လျက်ရှိသော လူထုအကျိုးပြုလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့တွင် တိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အရာရှိများနှင့် တရားဥပဒေစိုးမိုးရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
Mar 13,2020
တိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အရာရှိများနှင့် တရားဥပဒေစိုးမိုးရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့၊ ၆၄ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ တရားဥပဒေ စိုးမိုးရေးစင်တာတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
321
Page
322
Page
323
Page
324
Current page
325
Page
326
Page
327
Page
328
Page
329
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department