တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆောင်ရွက်ပေး

နတ်မောက်  မတ်  ၁၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာသွားလာနိုင်ရေးအတွက် မြို့ပေါ်ရှိဖြေဆိုမည့် စာစစ်ဌာန ကျောင်းများရှေ့တွင် ယနေ့နံနက်(၇) နာရီအချိန်က ယာဉ်စည်းလမ်းစည်းကမ်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆောင်ရွက်ရာတွင် အ.ထ.က (၂) ကျောင်းရှေ့၌ နတ်မောက်မြို့နယ် မြို့မရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်တာဝန်ခံစာရေးတို့က စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများကို ယာဉ်ကြောရှင်းလင်းပေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများ လမ်းဖြတ်ကူးရာတွင် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လှဝင်း(နတ်မောက်)