ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မြို့မစည်ပင်သာယာဈေးနှင့် ခမိုးကားဝင်းယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေ စခန်းတို့၌ ဆောင်ရွက်ခဲ့သည်။
Mar 15,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့နံနက် ၉ နာရီက လက်ပံတန်း မြို့မဈေးတွင် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
Mar 15,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် စည်ပင်သာယာဈေးအတွင်း၊ ဈေးအပြင်ရှိ ဒေသခံပြည်သူများအား ယနေ့နံနက် ၈ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကမ္ဘာ့စားသုံးသူများနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြသည်။
Mar 15,2020
လူမှုဝန်ထမ်းဦးစီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးဌာနက ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် မြို့နယ်အတွင်း ​လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အန်းတားကျေးရွာ၌ မတ် ၁၂ ရက်နေ့နှင့် မတ် ၁၄ ရက်နေ့တို့တွင် စုစုပေါင်း လူနေအိမ်ခြေ  ၂၅ လုံးကို စိစစ်ဆောင်ရွက်ခဲ့ကြသည်။
Mar 15,2020
မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ကမ္ဘာ့စားသုံးသူ အခွင့်အ‌ရေးများနေ့ (WCRD Campaign) လှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာနေရာ များတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Mar 15,2020
နိုင်ငံကျော်စာရေးဆရာကြီး ဇေယျ(ဦးယော)၏ နှစ်(၁၂၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုရုပ်တု ဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းရှိ မြန်မာ့မျက်ပွင့် စာကြည့်တိုက်တွင် ယနေ့နံနက် ၉နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Mar 15,2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လှုမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ အ-ထ-က ကျောင်းအနီး နေအိမ်(၄)လုံမီးလောင်မှုတွင် မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့သည်။
Mar 15,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ စတုတ္ထနှစ်စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ​သော ဘူးတောင်းကျေးရွာအုပ်စု၊ ဘူးတောင်း ကျေးရွာတွင် ကျေးရွာလူထုကိုယ်တိုင်၊ ရွေးချယ်ဖော်ထုတ်ထားသော ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။