ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 16,2020
ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (COVID-19)ကြောင့် ဖြစ်ပွားတတ်သောအဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။
Mar 16,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက Coronavirus Disease 2019 (Covid-19)ပတ်သက်၍ ကြိုတင် ကာကွယ်နိုင်ရေး အစည်းအဝေးကျင်းပခဲ့သည်။
Mar 16,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့၊ ပိတောက်လမ်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေး(ဝဲ၊ ယာ)များတွင် အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ယခုလ ၅ ရက်နေ့က စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
Mar 16,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေဖြင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက် နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် လမ်းအထူး(၁၉) အဖွဲ့က မြေပြင် ကွင်းဆင်း တိုင်းထွာလျက်ရှိကြောင်းသိရသည်။
Mar 16,2020
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင် စားသုံးသူများ မိမိတို့အခွင့်အရေးကို သိရှိနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဈေးအတွင်းရှိ ဈေရောင်း/ဈေးဝယ်ပြည်သူများအား မတ်လ (၁၅) ရက်နေ့၊ နံနက်ပိုင်းက အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Mar 16,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အန်းတားကျေးရွာသို့ ကန်သာကျေးရွာက ပရဟိတ ခေါင်းဆောင် ဦးကံထွားနှင့်အဖွဲ့က လှူဒါန်းသော သောက်ရေသန့်ဗူး ၁၀၀ အား ပါရမီရှင် နာရေးကူညီမှု အသင်းမှ ယမန်နေ့ မွန်းလွဲပိုင်းက သောက်သုံးရေပြတ်လပ်နေသော အန်းတားကျေးရွာရှိ နေအိမ်များ ထံသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိသည်။
Mar 16,2020
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်တွင် ယမန်နေ့က သဲကုန်းမြို့ ရပ်ကွက်(၁) အတွင်းရှိ နေဝန်းနီ လက်ဖက်ရည်ဆိုင်ပါ လက်ဖက်ရည်ဆိုင်များ၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်း ပိုင်ရှင်များ၊ ဈေးသွားဈေးလာများ၊ ကားဂိတ်၊ ရထားဂိတ်များစသည့် လူစည်ကားရာ နေရာများတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများမှ စားသုံးသူ၏ တာဝန်များ၊ တောင်းဆိုနိုင်သည့် အခွင့်အရေး၊
Mar 16,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အ.လ.က(၂)အင်းစိန်၊ ၂ထပ်ဆောင်သစ် ပန္နက်တင် အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အ.လ.က(၂)အင်းစိန် ကျောင်းတွင် ကျင်းပခဲ့သည်။