ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် စာစစ်ဌာန (၂၈) ခုရှိပြီး မင်းဘူး(စကု) မြို့နယ်တွင် စာစစ်ဌာန (၆) ခုဖြင့် ဆောင်ရွက်လျက်ရှိရာ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီ အချိန်က စတင်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၉၅) ရာခိုင်နှုန်းရှိကြောင်း မင်းဘူးမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။
Mar 18,2020
ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါ မြန်မာနိုင်ငံဒေသအသီးသီးသို့ ဝင်ရောက်ကူးစက်ပျံ့ပွားမှုမရှိစေရေး နယ်စပ် အဝင်/အထွက်ဂိတ်ရှိသည့် မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့များတွင် တာဝန်ရှိအဖွဲ့အစည်းများ တားဆီး ကာကွယ်ရေး လုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 18,2020
ယခုနှစ်သရက်သီးရာသီချိန်တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော စိန်တလုံးသရက်သီးတန်ချိန် ၁၂၀၀ အားဝယ်ယူရန် သရက်ထွက်ရှိသည့်ဒေသများမှ သရက်စိုက်တောင်သူများနှင့် ဂျပန်နိုင်ငံ YUKIOK Myanmar Co.Ltd မှ စာချုပ်ချုပ်လျက်ရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်ထံမှသိရသည်။
Mar 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့ နံနက် ၉ နာရီက အခြေခံပညာ ကျောင်းများရှိ စာစစ်ဌာန (၆) ခုတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုရန်အတွက် စာရင်းရှိ ၉၃၀ ဦးရှိပြီး ဖြေဆိုသူ ၈၇၉ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်း
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ လှော်ကားကြီးကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန၌ ယနေ့၊ နံနက် (၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် အိမ်ထောင်စုများသို့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၁၅)ခု၌ ဇီဝဗေဒဘာသာ (၂၆၅) ဦး၊ ဘောဂဗေဒဘာသာ (၁၄၆၂) ဦး လာရောက် ဖြေဆိုကြောင်းသိရသည်။
Mar 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့၊ မြို့မဈေးနှင့် မြို့အဝင် ဆိပ်ကမ်း၌ ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Mar 18,2020
ပြည်သူများ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်းနည်းလမ်းများကိုကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီက လူစည်ကားရာနေရာများ၌ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။