Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
သုံးခွမြို့၌ (COVID-19) ရောဂါ ကြိုတင် ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းဆောင်ရွက်
Mar 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဌာနဆိုင်ရာများ လ၀က်အစည်းအဝေး ပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌(COVID-19) ရောဂါကြိုတင်ကာကွယ်ရေး ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာမှူး ဒေါက်တာဇော်၀င်းသန်းနှင့် ၀န်ထမ်းများက ယမန်နေ့ နံနက်၉နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် ပြေးဆွဲလျက်ရှိသော အဝေးပြေးကားများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အဝေးပြေးကားများ၌ လိုက်ပါသည့် ခရီးသည်များ သိရှိလိုက်နာနိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင်ရောဂါနှင့် ပတ်သက်သော သိကောင်းစရာများ ပါဝင်သည့် ဗွီဒီယိုခွေပြသရန်နှင့် စတေကာများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်တိုင်ကိုယ်ကျ ကားမှန်များတွင် ကပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၇၉၁ ဦးအား သက်ကြီးလူမှုရေးပင်စင်ထောက်ပံ့
Mar 18,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်၊ ဒုတိယသုံးလပတ်( ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၆၄၈ ဦးအား လူမှုရေးပင်စင် ထောက်ပံ့
Mar 18,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ပေါ်ရပ်ကွက်အတွင်း ကွင်းဆင်းထောက်ပံ့ပေးခဲ့သည် ။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော ECG စက်နှင့် Patient Monitor စက် ပေးအပ်လှူဒါန်း
Mar 18,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော ECG စက်နှင့် Patient Monitor စက် ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီ က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)အသိပညာပေးလုပ်ငန်းဆောင်ရွက်
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပျံ့နှံ့မှုအကြောင်း အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနားလည်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ၊ မြို့နယ်မီးသပ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့မဈေး၊ ကားဂိတ်များ၊ ကတို့ဆိပ်များ အစရှိသည့်လူစည်ကားရာနေရာများသို့ သွားရောက်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မှန်ကန်သော လက်ဆေးနည်းစနစ်များကိုသရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့ နွေရာသီအားကစားသင်တန်း အခမဲ့ဖွင့်လှစ်မှုအား ရပ်ဆိုင်းထားမည်
Mar 18,2020
မကွေးတိုင်းဒေသကြီး မင်းခရိုင် မင်းဘူး (စကု) မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းများကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
289
Page
290
Page
291
Page
292
Current page
293
Page
294
Page
295
Page
296
Page
297
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department