Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို မြေစိုက်နံရံကပ်ဘုတ်တွင် ပြသ
Oct 13,2020
မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုနှင့် ပက်သက်သည့် အကြောင်းအရာများကို ပြည်သူများသိရှိနိုင်ရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသထားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့ကွန်ကောက်ကျေးရွာ၌ Community Social Worker Training သင်တန်းဖွင့်လှစ်
Oct 13,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ကွန်ကောက်ကျေးရွာတွင် စီမံချက်ဝန်ထမ်းများ ဦးဆောင်သော Community Social Worker Training သင်တန်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်ခန့်က မိုင်းငေါ့မြိူ့ကွန်ကောက်ကျေးရွာ ရှမ်းစာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ဆက်လက် ကွင်းဆင်း စစ်ဆေး
Oct 13,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် မြို့အတွင်းရှိ ဖွင့်လှစ်ရောင်း ချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ တုန့်ပြန်ဆောင်ရွက်ရေးနှင့် စစ်ဆေးမှုကြီကြပ်ရေး အဖွဲ့(၃)တို့က ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်ပညာရေးမိသားစုမှ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အတွက် Automatic Temperature Detector (၁) စုံနှင့် အလှူငွေများ လှူဒါန်း
Oct 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် အသုံးပြုရန် မြို့နယ်ပညာရေးမိသားစုမှ ခရီးသွားပြည်သူများ၏ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လက်ဆေးစေရန်အတွက် Automatic Temperture Detector (၁)စုံ နှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အလှူငွေ (၃၆ဝဝဝဝ)ကျပ်အား ယနေ့ နံနက်(၈) နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့၌ အပြင်ထွက်သွားလာသူများ Mask တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေးပြီး “အခုဝယ် အခုတပ်” စနစ်ဖြင့် ကြပ်မတ်စစ်ဆေး
Oct 13,2020
ကချင်ပြည်နယ် ပူတာအိုမြို့တွင် နေအိမ်ပြင်ပ အပြင်ထွက်သွားလာသူများနှင့် ဈေးရောင်း ဈေးဝယ်သူများ Mask တပ်ဆင်မှုအလေ့အထဖြစ်စေရန်အတွက် ယနေ့နံနက် ၇ နာရီခန့်က မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် Mask ကို “အခုဝယ် အခုတပ်” စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ မိဘ/အုပ်ထိန်းသူတို့၏ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ နံရံကပ်စာစောင် ပြသ
Oct 13,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မီဒီယာနှင့် သတင်းအချက်အလက်များ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူတို့၏ အတတ်ပညာဆိုင်ရာ မှန်ကန်စွာ သိရှိပြီး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ မြို့ဝင်လမ်းဆုံတွင် ယနေ့ နံနက်ပိုင်းက နံရံကပ်စာစောင်ပြသပေးခြင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များ အသိပညာပေး မြေစိုက်နံရံကပ်ပြုလုပ်
Oct 13,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက် များ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်ကို ယနေ့နံနက်ပိုင်းက မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု ၂ စုအတွက် ထောက်ပံ့ပေးအပ်
Oct 13,2020
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က အိမ်ရှင် ဆရာငွန်လျန်၊ အထက်တန်းပြ(ငြိမ်း) အိမ်ငှား ဒေါ်ရွှေသင်း နေအိမ် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ် အပေါ်ထပ်တွင် TV ဖွင့်ထားရာမှ ပလပ်ခေါင်း အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စု ၂ စုအား အောက်တိုဘာ ၁၂ ရက်နေ့က ချင်းပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
138
Page
139
Page
140
Page
141
Current page
142
Page
143
Page
144
Page
145
Page
146
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department