Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များ အသိပညာပေး မြေစိုက်နံရံကပ်ပြုလုပ်
Oct 13,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက် များ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်ကို ယနေ့နံနက်ပိုင်းက မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု ၂ စုအတွက် ထောက်ပံ့ပေးအပ်
Oct 13,2020
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က အိမ်ရှင် ဆရာငွန်လျန်၊ အထက်တန်းပြ(ငြိမ်း) အိမ်ငှား ဒေါ်ရွှေသင်း နေအိမ် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ် အပေါ်ထပ်တွင် TV ဖွင့်ထားရာမှ ပလပ်ခေါင်း အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စု ၂ စုအား အောက်တိုဘာ ၁၂ ရက်နေ့က ချင်းပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဲရုံမှူး၊ ဒု-မဲရုံမှူး ဆောင်ရွက်မည့်သူများအား RDT Test Kit စစ်ဆေးရေးကိရိယာဖြင့် ကျန်းမာရေး စစ်ဆေး
Oct 13,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ အထက်တန်းကျောင်း၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ဆောင်ရွက်မည့် မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်က ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့ရှိ Facility Quarantine Centre ကို ကွင်းဆင်းစစ်ဆေးပြီး ကန့်သတ်စောင့်ကြည့်မှု (၁၄)ရက်ခံယူပြီးသူ (၁၅)ဦးကို ပြန်လည်စေလွှတ်
Oct 13,2020
ကချင်ပြည်နယ် ပူတာအိုမြို့တွင် မြို့နယ်Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များက ယမန်နေ့ညနေ ၅ နာရီခန့်က Facility Quarantine Centre အဖြစ် ဖွင့်လှစ်ထားရှိသည့် လေးထပ် လေးခန်းတွဲ အိုး/အိမ်ဝန်ထမ်းအိမ်ယာသို့ သွားရောက်ကာ စည်ကမ်းချက်နှင့်အညီ နေထိုင်မှုရှိ/မရှိ ကွင်းဆင်းကြပ်မတ်စစ်ဆေးပြီး ကန့်သတ်စောင့်ကြည့်မှု (၁၄)ရက်ခံယူပြီးသူ(၁၅)ဦးကို ပြန်လည်စေလွှတ်ခဲ့ကြောင်းသိသည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးပြုလုပ်
Oct 13,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ အစည်းအဝေးကို ယမန်နေ့ မွန်းတည့်(၁၂)နာရီချိန်ခန့်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၌ အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေး
Oct 13,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးနှင့် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောပိုးရှိ/မရှိကို Covid-19 Antigen Test Kit ဖြင့် မြို့မရဲစခန်း၌ ယမန်နေ့ နံနက်(၈)နာရီခွဲက စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့၌ Facility Quarantine နေထိုင်ပြီးစီးသူများအား လက်မှတ်များပေးအပ်
Oct 13,2020
မင်းတပ်မြို့၌ Facility Quarantine နေထိုင်ပြီးစီးသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ ၁၅ ဦးအား ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များ ပေးအပ် ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်ပြဘုတ်တွင် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေး ပြသဆောင်ရွက်
Oct 12,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့ မြေစိုက်ပြဘုတ်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရေး သိရှိလေ့လာ ဖတ်ရှုနိုင်ရန်အတွက် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများကို ယနေ့မှ စတင်၍ ပြသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
138
Page
139
Page
140
Page
141
Current page
142
Page
143
Page
144
Page
145
Page
146
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department