ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 12,2020
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် လိုအပ်သော နေရာများတွင် တာဝန်ချထားရန် ခန့်အပ်သည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးသည့် ကရိယာ Rapid Dianosis Test (RDT) Tese Kit ဖြင့် စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါသင်တန်း ဖွင့်လှစ်သည့် အထက-၁ ကျောင်း၌ ဆောင်ရွက်ကြောင်း သိရသည်။
Oct 12,2020
ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်ကို ထန်တလန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကျင်ငိုက်မန်နှင့် ဝန်ထမ်းများသည် ယနေ့ ညနေ ၂ နာရီအချိန်က လမ်းသွား လမ်းလာသူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Oct 12,2020
ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များအား ကြက်ဥနှင့်ဆီများထောက်ပံ့ ခြင်းကို ယနေ့နံနက် (၇) နာရီက ဆောင်ရွက်ခဲ့ကြသည်။
Oct 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ် ပြဘုတ်တွင် ပြည်သူများသိရှိလေ့လာနိုင်ရန်အတွက် ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး ရုပ်ပုံများကို ယနေ့ နံနက် ၁၁ နာရီမှစတင်၍ ပြသဆောင်ရွက်ခဲ့သည်။
Oct 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်း နံရံကပ် ပြဘုတ်တွင် ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး ရုပ်ပုံလွှာများအား ယနေ့နံနက် ၉ နာရီမှစတင်၍ ပြသ ဆောင်ရွက်ခဲ့သည်။
Oct 12,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ပြဘုတ်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရေး သိရှိလေ့လာ ဖတ်ရှုနိုင်ရန်အတွက် ကိုဗစ်−၁၉ဆိုင်ရာ အသိပညာပေး ရုပ်ပုံများကို အောက်တိုဘာလ ၉ ရက်နေ့ မှစတင်၍ ပြသဆောင်ရွက်ခဲ့သည်။
Oct 12,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင်လိုင်ပေါင်းလုံ စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရီးသွားပြည်သူများအား မိမိခရီးစတင်ထွက်ခွာလာသည့်​ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်း ရယူခြင်းများနှင့် ခရီးသွားရာဇဝင်စိစစ်ခြင်းများကို နေ့စဉ် ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ နေရပ်ပြန်လာသူ (၁၁)ဦးတို့အား ထန်တလန်မြို့အမှတ် (၃)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ (၁၄)ရက်အသွားအလာ ကန့်သတ် စောင့်ကြည့်နိုင်ရန် Facility Quarantine ထားလျက်ရှိကြောင်း သိရသည်။
Oct 12,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ ကျေးရွာများမှ အများသုံး သောက်သုံးရေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ရေနမှုနာများ ကောက်ယူစစ်ဆေးလျက်ရှိရာ ယနေ့နံနက်က မိုင်းခေါင်ကျေးရွာအုပ်စုအတွင်းမှ ရေနမူနာများကို ကွင်းဆင်းကောက်ယူခဲ့ကြကြောင်း သိရသည်။