မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့၌ စားအုန်းဆီ ၁၀၁၂ ပိဿာအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ စားသုံးဆီ ဝယ်ယူသုံးစွဲရာ၌ အထောက်အပံ့ရရှိစေရန်အတွက် စားအုန်းဆီတင်သွင်းသော သတ်မှတ်အရည်အသွေးပြည့်ဝသည့် Resources Group Trading Co,Ltd မှ စားအုန်းဆီများကိုဝယ်ပြီး အိမ်ထောင်စုတစ်စုလျင် ဆီဝယ်ယူခွင့်စာအုပ်များပြုလုပ်ပေး၍ တစ်ကြိမ်ရောင်းချပေးပါက ၂ ပိဿာနှုန်းဖြင့် အပတ်စဉ် ပြည်သူများအား အလှည့်ကျရောင်းချပေးလျက်ရှိကြောင်း သိရှိရပြီး ယမန်နေ့က စားအုန်းဆီ ၁၁၁၂ ပိဿာအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်နိုင်စေရေး ကွင်းဆင်းစစ်ဆေး

‎မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေး အတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်သည်။

ကျောက်ဆည်မြို့နယ် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စု ၁၁ အုပ်စု၌ နွေနှမ်း ၁၀၄၅၉ ဧက စိုက်ပျိုးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး နယ်မြေဒေသအလိုက် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စု ၁၁ အုပ်စု၌ နွေနှမ်း ၁၀၄၅ ဧက စိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်

ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညီထွေးဦးက ဦးဆောင်ကာ အများပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

‎မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ 191 Report application ထည့်သွင်းပေးခြင်း၊ မီးသတ်စခန်း စစ်ဆေးခြင်းနှင့် မီးသတ်ရေလှောင်ကန်အသစ် တည်ဆောက်နေမှုများအား ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့သည်။

မြစ်သားမြို့နယ်၌ ရွှေဖလားမျိုး ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ငါးဆူကျေးရွာအုပ်စု၊ ရွှေကြာအင်းကျေးရွာ၌ ဒီဇင်ဘာလမှာစိုက်ပျိုးထားသည့် ရွှေဖလားမျိုးကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ သပြေပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ငါးဆူကျေးရွာအုပ်စုကွင်း၌ မိသားစုအပိုဝင်ငွေရရှိရေးမြေယာပိုင်ဆိုင်သူအချို့သည် တစ်နိုင်တစ်ပိုင်သီးပင်စားပင်များနှင့် ပန်းအမျိုးစုံစိုက်ပျိုး ရောင်းချခြင်းများဆောင်ရွက်လျက်ရှိရာ ရွှေကြာအင်း ကျေးရွာမှ ဦးဝင်းမြင့် စိုက်ပျိုးထားသောသပြေပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သပြေပန်းစိုက်ပျိုး ရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကာမိသားစုစားဝတ် နေရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်၌ ရေရရှိရေးနည်းလမ်းဖြင့် နွေသီးနှံမျိုးစုံ ၅၂၇၁၅ ဧက စိုက်ပျိုးရန် လျာထား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ရေရရှိရေး နည်းလမ်းဖြင့် နွေသီးနှံမျိုးစုံ ၅၂၇၁၅ ဧက စိုက်ပျိုးသွားရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ  သိရသည်။

မလှိုင်မြို့နယ်၌ နွေသီးနှံများစိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့များပေးအပ်ခြင်းနှင့် အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ နွေသီးနှံများအတွက် မျိုးစေ့များပေးအပ်ခြင်းနှင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဖက်ကုန်းကျေးရွာရှိ တောင်သူကြီး ဦးဇော်မင်းအိမ်တွင် ကျင်းပသည်။

ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ ယနေ့နံနက် ၁၀ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ် ဇာတ်တိုက်လေ့ကျင်းမှုများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး