ကျောက်ဆည်မြို့၌ စားအုန်းဆီ ၁၀၁၂ ပိဿာအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးလျက်ရှိ

ကျောက်ဆည် ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ စားသုံးဆီ ဝယ်ယူသုံးစွဲရာ၌ အထောက်အပံ့ရရှိစေရန်အတွက် စားအုန်းဆီတင်သွင်းသော သတ်မှတ်အရည်အသွေးပြည့်ဝသည့် Resources Group Trading Co,Ltd မှ စားအုန်းဆီများကိုဝယ်ပြီး အိမ်ထောင်စုတစ်စုလျင် ဆီဝယ်ယူခွင့်စာအုပ်များပြုလုပ်ပေး၍ တစ်ကြိမ်ရောင်းချပေးပါက ၂ ပိဿာနှုန်းဖြင့် အပတ်စဉ် ပြည်သူများအား အလှည့်ကျရောင်းချပေးလျက်ရှိကြောင်း သိရှိရပြီး ယမန်နေ့က စားအုန်းဆီ ၁၁၁၂ ပိဿာအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းဆိုင်များဖြစ်သည့် ဒေါ်သက်သက်မွန်(အနန္တဂုဏ်)၊ ဦးနန်းဦး (နဒီဧရာ)၊ ဒေါ်သဇင်အောင် (နေလသုခ) ဆီအရောင်းဆိုင်များမှ ငှက္ကကတောင်ပြည်သူများအား ၁၁၀ ပိဿာ၊ အေးမြကြည်လင်ရပ်ကွက်နှင့် တောင်တော်-စိုင်ပင်သာ-ပိန်းရေ- ထိန်အင်း ကျေးရွာပြည်သူများအား ၆၆၀ ပိဿာ၊ အေးရွာ-သပြေကုန်းကျေးရွာပြည်သူများအား ၃၄၂ ပိသာ စုစုပေါင်း စားအုန်းဆီ ၁၁၁၂ ပိဿာ ရောင်းချပေးခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာပြည်သူများအား အလှည့်ကျ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

 သက်မောင် (ကျောက်ဆည်)