ကျောက်ဆည် ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ ယနေ့နံနက် ၁၀ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ် ဇာတ်တိုက်လေ့ကျင်းမှုများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးသန့်ဇင်ဦးက မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများနှင့် မီးလောင်မှုအမျိုးအစားများအား ရှင်းလင်ဟောပြောခဲ့ပြီး သန္ဓေတပ်ဖွဲ့ဝင်များက အေးမြကြည်လင်ဈေးတွင် တာဝန်ထမ်းဆောင်နေသော စည်ပင်သာယာရေးဝန်ထမ်း များ၊ ဈေးရောင်းပြည်သူများနှင့်အတူ အဝတ်အစိုဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်း၊ မီးသတ် ဆေးဗူးဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ပြီး မီးသတ်ကားဖြင့် မီးငြိမ်းသတ်ခြင်းများ လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ပွဲသို့ မြို့နယ်စီမခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များ၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ၊ ဈေးသူ/ဈေးသားများ တက် ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)