ကျောက်ဆည်မြို့၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ကျောက်ဆည် ‌ဖေဖော်ဝါရီ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို ဖေဖော်ဝါရီ (၁၂) ရက် နံနက်(၅)နာရီခွဲက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နံနက် ၇ နာရီအချိန်၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်အပေါင်းအား အလေးပြုခဲ့ကြပြီး ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်တို့က အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းတို့က မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာသူများအား အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က(၃) ကျောင်းသား၊ ကျောင်းသူလေးများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်၊ သွေးချင်းတို့မြေ၊ ထာဝရသစ္စာ တေးသီချင်းများဖြင့် သရုပ်ဖော်ကပြဖျော်ဖြေခဲ့ကြပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)