ဘုတ်ပြင်းမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလံတင်အလေးပြုပွဲ အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ

ဘုတ်ပြင်း ဖေဖော်ဝါရီ ၁၃

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံ အလံတင်အလေးပြုပွဲအခမ်းအနားကို ယမန်နေ့နံနက်(၅)နာရီခွဲက ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်းကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုကြသည်။ ယင်းနောက် နံနက်(၇)နာရီ၌ မြို့တော်ခန်းမတွင် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက ဖတ်ကြားခဲ့သည်။

ယင်းနောက် သဝဏ်လွှာဖတ်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် (၇၉)နှစ်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊

ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြု့ဖများ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။   

မြို့နယ်( ပြန်/ဆက်)