အမြို့မြို့အနယ်နယ်သတင်းများ

Feb 06,2026
ပွင်းလင်းခြောက်သွေ့သော ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဖေဖော်ဝါရီ ၆ ရက်က မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်အုတ်ရေလှောင်ကန်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 06,2026
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှု လျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရုံး၌ ဖေဖော်ဝါရီ ၅ ရက်နံနက်က ဆောင်ရွက်ခဲ့သည်။
Feb 06,2026
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ (၂၆) ရက် ညနေပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြို့နယ်ဘောလုံးအားကစားကွင်းနှင့် သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၊ သုဝဏ္ဏကွင်း၊ ပဒုမ္မာတို့၌ ယှဉ်ပြိုင်ကစားလျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲ (၃) နာရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်၊ အမှတ် (၂၅)ရပ်ကွက်ရှိ မြို့နယ်ဘောလုံးအားကစားကွင်းတွင် လှည်းကူးခရိုင်အသင်းနှင့် မရမ်းကုန်းခရိုင် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ရာ မရမ်းကုန်းခရိုင်အသင်းက လှည်းကူးခရိုင်ကိုယ်စားပြုအသင်းကို (၄) ဂိုး (၃) ဂိုးဖြင့် အနိုင်ရသည်။
Feb 06,2026
နိုင်ငံတော်ဩဝါဒစရိယရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတသီတဂူဆရာတော် ဘဒ္ဓန္တဉာဏိဿရ၏ ဩဝါဒကိုခံယူ၍ သီတဂူမျက်စီမျက်စိအထူးကုဆရာဝန်ကြီးများက (၁၆) ကြိမ်မြောက် မျက်စိဝေဒနါရှင်များကို အခမဲ့စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေးခြင်း သီတဂူမျက်စိအလှူတော်ကို ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) တွင် ဆောင်ရွက်ပေးလျက်ရှိသည်။
Feb 06,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်) ၌ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပို့တွဲလပြည့်နေ့ (သြဝါဒပါတိမောက်အခါတော်နေ့) တွင် (၂၇) ကြိမ်မြောက် ထမနဲ (နှမ်းမနဲ) ဘူးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
Feb 06,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပိုးစာပင်စိုက်ပျိုးခြင်းနှင့် ပိုးမွေးမြူခြင်းနည်းပညာဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၅ ရက်နေ့က စိုက်ပျိုးရေးဦးစီးဌာန၊ ကျိုင်းတုံပိုးစာခြံတွင် ကျင်းပသည်။
Feb 06,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများကိုအဓိကထား လုပ်ကိုင်လျှက်ရှိရာ ဒေသတွင်းစားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍​ဆောင်းရာသီ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံနေကြာ (၁၁၄) ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
Feb 06,2026
မကွေးမြို့နယ်အတွင်းရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေး၊ ရန်ကင်းဈေး၊ မင်္ဂလာဈေးတို့ကို ဖေဖော်ဝါရီ (၄) ရက်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးအသုံးပြုမှုများ စနစ်တကျရှိစေရေး၊ ဈေးအတွင်းမီးသုံးစွဲမှုများမရှိစေရေး၊ ရေရရှိရေး တပ်ဆင်ထားရှိသော မီးသတ်ဆေးဘူးနှင့် မီးသတ်စက်များ အဆင်သင့်ဖြစ်စေရေး၊ Fire Pointများ ထားရှိရေး၊ မီးသတ်ယာဉ်များ အလွယ်တကူဝင်/ ထွက်သွားလာနိုင်ရေးတို့ကို စီမံဆောင်ရွက်ထားရန်စစ်ဆေးအကြံပြုပြီး တာဝန်ရှိသူများနှင့် ဈေးသူ/ဈေးသားများ မီးသတ်ဆေးဘူးကို စနစ်တကျကိုင်တွယ်အသုံးပြုတက်စေရန်နှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။