အမြို့မြို့အနယ်နယ်သတင်းများ

Feb 09,2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျောက်ပန်းတောင်း-ချောက်ကားလမ်းမမှ တံခါးမ-ရွာပု ကျေးရွာအဝင် ကျောက်ချောလမ်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါလမ်းပေါ်ရှိ မုဒ်ဦးတွင် ပြုလုပ်သည်။
Feb 09,2026
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား အမျိုးသားသဘာဝေဘးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သော ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများပေးအပ်ခြင်းကို ချမ်းအေးသာစံ​မြို့နယ်၊ မင်္ဂလာစျေးဟောင်းအတွင်း၌ ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Feb 09,2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်မှ ပေးအပ်ချီးမြှင့်သည့်  သာသနာဆိုင်ရာထူးချွန်ဆုနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု ရရှိသူများကို ယမန်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်လေဆိပ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသနေပြည်သူများက ဂုဏ်ပြုပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
Feb 09,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိသားစုအပိုဝင်ငွေရရှိရေး မြေယာပိုင်ဆိုင်သူအချို့သည် တစ်နိုင်တစ်ပိုင် သီးပင်စားပင်များနှင့် ပန်းအမျိုးစုံ စိုက်ပျိုးရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ သင်းတောင်းကျေးရွာမှ ဒေါ်သီတာအေး စိုက်ပျိုးထားသော သပြေပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သပြေပန်းစိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Feb 09,2026
သန်လျင်ခရိုင်၊ သန်လျင်မြို့ ဗဟိုမူလွန်ကျောင်း တည်ထောင်ခြင်းနှစ် ၁၀၀ ပြည့် ရာပြည့်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ကြသည်။
Feb 09,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တောင်ယာမီးရှို့မှု၊ တောမီးရှို့မှုများ စည်းကမ်းမဲ့မပြုလုပ်စေရေး အသိပညာပေးခြင်းလုပ်ငန်းအပြင် သစ်တောဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ၊ ဒေသန္တရအမိန့်အရ အရေးယူခြင်းခံရမည်ကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းစိစစ်ရေးအဖွဲ့ ၁၁ ဖွဲ့ခွဲ၍ ရပ်ကွက်/ကျေးရွာများ၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
Feb 09,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာန၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးခွန်ဖိုး ကြီးကြပ်မှုဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် ပျိုးပင်များ ပျိုးထောင်ရန်အတွက် တောအုပ်ကြီး၊ တောအုပ်နှင့် ဌာနဝန်ထမ်းများ ပူးပေါင်း၍ သဘာဝမြေဆွေးမြေဩဇာများ လက်တွေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။