မိုးကောင်း ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူးကျင်းပသည့် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို အရှေ့ရပ်ကွက်ရှိ အားကစားကွင်း၌ ဖေဖော်ဝါရီ(၉)ရက်နံနက် (၈) နာရီခွဲတွင် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲယှဉ်ပြိုင်မည့်အသင်းသားများက သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး နဂါးညီနောင်အသင်းနှင့် အောင်သီတာအသင်းတို့က စတင်ယှဉ်ပြိုင်ကစား ကြသည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း (၁၇) သင်းက အုပ်စု (၄) အုပ်စုဖြင့် ဖေဖော်ဝါရီ (၁၂) ရက်ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး