ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ တက်ရောက်
ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်း လျှောက်ပွဲကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ ယနေ့နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ အထူးတန်းပွဲကြည့်စဉ်ရှေ့ စုရပ်မှ သတ်မှတ်လမ်းကြောင်းအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။