မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မှုခင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

မိုးကောင်း နိုဝင်ဘာ ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ မှုခင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ(၁)ရက် ညနေ(၃)နာရီတွင် ကျင်းပခဲ့သည်။

အဆိုပါ မှုခင်းဆိုင်ရာဟောပြောပွဲတွင် မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲထွန်းအောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မှုခင်းကျဆင်းအောင်ဆောင်ရွက်နေမှု၊ ပြည်သူများအနေဖြင့် မှုခင်းဖြစ် ပွားမှုနည်းပါးအောင်ပါဝင်ကူညီမှု၊ ဒေသအနှံ့အပြားနှင့်လူငယ်များကြား မူးယစ်ဆေးဝါးအလွယ်တကူ သုံးစွဲနေခြင်းကိုမြင်တွေ့နေမှု၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ဖမ်းဆီးခံရပါက ပြစ်ဒဏ်များ၊ အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှု၊ အုပ်စုဖွဲ့ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှု စသည့်မှုခင်းဆိုင်ရာများ၊ ပြစ်မှုပြစ်ဒဏ်များနှင့်ပတ်သက်သည်များကို ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ Grade-9 မှကျောင်းသား၊ ကျောင်းသူ(၅၀)ဦးတက်ရောက်ပြီး သိလိုသည်များကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)