နောင်မွန်း နိုဝင်ဘာ ၃
ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးနှင့် မြို့နယ်ဂုဏ်ဆောင်အား ကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အသက်(၁၆)နှစ်အထက် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၂ နာရီခွဲတွင် မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်သို့ တက်ရောက်လာသော ZIMA ဘောလုံးအသင်းနှင့် HKANAN ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ZIMA ဘောလုံးအသင်းက တစ်ဂိုး-ဂိုးမရှိရလဒ်ဖြင့် အနိုင်ရကာ ဆုဖလားကို ဆွတ်ခူးရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး ယင်းပြိုင်ပွဲ ဒိုင်အဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အဆိုပါ ပြိုင်ပွဲတွင် ရှေ့၊ လယ်၊ နောက်၊ ဂိုးအကောင်းဆုံး ကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံး ကစားသမားဆုများကို မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လည်းကောင်း၊ ရွှေတံဆိပ်၊ ငွေတံဆိပ် ဆွဲပြားနှင့် ဆုငွေများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က ဆုဖလားဆွတ်ခူးရရှိခဲ့သော ZIMA ဘောလုံးအသင်းအား ဆုဖလားနှင့်ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)