တနိုင်း နိုတင်ဘာ ၃
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)လမှ(၁)နှစ်ခွဲ ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးပေးခြင်းကို ယမန်နေ့နံနက် (၈)နာရီခွဲတွင် တနိုင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ပြုံးချိုနှင့် ဝန်ထမ်းများက အသည်းရောင်အသားဝါ၊ ဆုံစို့၊ ကြက်ညှာ၊ ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယိုစသည့်ရောဂါကာကွယ်ဆေးများကို တနိုင်းမြို့ပေါ်ရပ်ကွက်များရှိ အသက် (၂) လမှ (၁)နှစ်ခွဲ ကလေးငယ် (၁၄၆)အား ထိုးနှံ/တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
မနာမြေ(တနိုင်း)