ကချင်ပြည်နယ်ဝန်ကြီးချုပ် ခေါင်လန်ဖူးဒေသဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်၊ ရှိန်းခေါင်ဒေသ မီးဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသ ဝမ်းစာဖူလုံရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်းစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ ဆောင်ရွက်ရန်အတွက် ပူတာအိုခရိုင်သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ခေါင်လန်ဖူးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။