တနိုင်း နိုဝင်ဘာ ၁၀
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးနှင့် မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာ အမက- သာယာ (၁) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက "စာဖတ်ခြင်း အကျိုး ကျေးဇူး"၊ "လူငယ်နှင့် ရည်မှန်းချက်" ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်ဝင်းက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်အကြောင်း၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် များအား အသိပညာပေး ဟောပြောပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲနှင့်အတူ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတရသစာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပြီး မီးသတ်ဦးဌာနမှ မီးငြှိမ်းသတ်ခြင်းကို လက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မနောမြေ(တနိုင်း)