ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာပြည်မြောက်ဖျားပိုင်း နောင်မွန်ဒေသဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပူတာအို နိုဝင်ဘာ ၁၃

မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသ ဝမ်းစာဖူလုံရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်းစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူတာအိုခရိုင်သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နောင်မွန် မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ နိုဝင်ဘာ ၉ ရက် နံနက် ၆ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် အတူ ပူတာအိုခရိုင် နောင်မွန်မြို့သို့ မချမ်းဘော-ဖရုခ-ရပ်ဘော့-နောင်မွန်လမ်းအတိုင်း သွားရောက်ခဲ့ကြပြီး မချမ်းဘောမြို့နယ် ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ခဲ့သော ၂၁ မိုင် View Point ၌ တော၊ တောင် သဘာဝရှုခင်းများအား ကြည့်ရှုခဲ့ကြကာ View Point သန့်ရှင်းသာယာလှပရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် မချမ်းဘော-ဖရုခ-ရပ်ဘော့-နောင်မွန်လမ်းပိုင်း (၉၈ ဒသမ ၇၀) ကီလိုမီတာအတွင်း ဖရုခကျေးရွာ၌ ကီလိုမီတာ ၄၄ နှင့် ၄၅ ကြား လမ်းလုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်တွင် လမ်းလုပ် ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် တောင်နံရံ တူးချဲ့၍ လမ်းသားတိုးချဲ့ခြင်း၊ လမ်းအနိမ့်အမြင့် ညှိခြင်းလုပ်ငန်းနှင့် သဲကျောက်ခွဲအမာခံလမ်းခင်း ခြင်း၊ ရေမြောင်းတူးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်ပေါ်လမ်းဖြစ်သည့်အတွက် မြေပြိုမှုဖြစ်စဉ်များ မဖြစ်ပွားစေရေး စနစ်တကျ တိုင်းတာစစ်ဆေးဆောင်ရွက်ရန် မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် နောင်မွန်မြို့သို့ ရောက်ရှိပြီး နောင်မွန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ရပ်ကွက်(၁) အတွင်းရှိ လမ်းများနှင့် ရပ်ကွက်(၁)နှင့် (၃)တို့အား ဆက်သွယ်ထားသော ရပ်ကွက်ချင်းဆက်လမ်း လုံရောင်လမ်း(၁၅၈၈)ပေတို့အား ကွန်ကရစ်လမ်းနှင့် ကျောက်စီရေမြောင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ရပ်ကွက်(၄)နှင့် ရပ်ကွက်(၁)အကြား အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ရေကျော်နေရာ၌ ကွန်ကရစ်ကျောက်စီရေမြောင်းအား လမ်းနှင့် တစ်ပြေးညီဖြစ်စေရေး ပြုပြင်တည်ဆောက်နိုင်ရေးအတွက် လည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့နောက် နောင်မွန်မြို့ မိုးစပါးစိုက်ကွင်းတစ်ခုဖြစ်သည့် ဆန်ခွမ်းကွင်းအတွင်း ဆင်းဧကရီ-၃ အထွက်တိုး မျိုးစပါးများ စိုက်ပျိုးထားရှိမှုကို တောင်သူ ဦးဇီနန်းဖုန်းဆားရ်၏ လယ်မှတစ်ဆင့် ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ရိတ်သိမ်းချိန် မိုးစပါးများ ဖြစ်ထွန်းအောင်မြင်နေမှုအခြေအနေများနှင့် ကွင်းအတွင်း ဖြတ်သန်းသည့် ချောင်းရေရရှိမှု အခြေအနေတို့အား မေးမြန်းကြကာ ဆောင်းသီးထပ်သီးနှံစိုက်ပျိုး နိုင်ရေးအတွက် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နောင်မွန်ပြည်သူ့ဆေးရုံဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၈၅၀ သန်းဖြင့် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၈)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော နှစ်ထပ် RC တိုးချဲ့လူနာဆောင်သစ် တည်‌ဆောက်နေမှုအား လည်းကောင်း၊ ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကြကာ လူနာများအတွက် ထောက်ပံ့ငွေများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် အမှတ်(၅)ရပ်ကွက်၊ ခရစ်တော်၏ အသင်းတော်ဘုရားရှိခိုးကျောင်းဝင်းမှတစ်ဆင့် ကဆန်ခ ချောင်းတစ်ဖက်ကမ်းရှိ ထီရှန်ဂေါင် သီးညှပ်စိုက်ခင်း၌ ဆောင်းသီးနှံအဖြစ် မုန်ညှင်း၊ အားလူးများ စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် တွေ့ဆုံကာ သီးထပ်စိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ နည်းစနစ်ကျ စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ကျွဲ၊ နွားအန္တရာယ်ကင်းရှင်းရေးတို့အတွက် သွပ်သံဆူးကြိုးကာရံနိုင်ရေး ထောက်ပံ့ငွေကျပ် သိန်း(၅၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ အဆိုပါ ရပ်ကွက်အတွင်း ကဆန်ခ ချောင်းရေ တိုက်စားမှုကြောင့် ကမ်းထိန်းကျောက်စီရေထိန်းနံရံ တည်ဆောက်နိုင်ရေး လုပ်ငန်း ဆောင်ရွက်သွားမည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် နောင်မွန်မြို့နေ တောင်သူများအတွက် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေး အပ်ထားသော ဆီကြိတ်စက်တည်ထောင်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းစတင်လည်ပတ်နေမှု အခြေအနေများကို လည်းကောင်း၊ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သွားမည့် မြို့တွင်းမိန်းလမ်း မကြီးအား လမ်းသားတိုးချဲ့၍ မူလကတ္တရာလမ်းဟောင်းအား ကွန်ကရစ်လမ်းအဖြစ် လမ်းအဆင့်မြှင့် တင်ခင်းကျင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို လည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ ကြသည်။

ဆက်လက်၍ အမှတ်(၂)ရပ်ကွက်၊ မြို့အဝင် မြို့မတောင်ကွင်း၌ တောင်သူ ဦးကူရှင်မင်၏ စိုက်ကွက်၌ အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ စံပြကွက် ရိတ်သိမ်းပွဲသို့ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်မြေစာရင်းဦးစီးဌာနတို့မှ ဝန်ထမ်းများက တစ်ဧက အထွက်နှုန်း သိရှိနိုင်ရေး (၆ ဒဿမ ၆) ပေပတ်လည် စံပြကွက် ရိတ်သိမ်းတွက်ချက်မှုအရ (၁၁၉)တင်း ထွက်ရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြကာ တောင်သူဦးကူရှင်မင်နှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် နောင်မွန်းမြို့နယ်အတွင်း အကျိုးပြုကျေးရွာ(၆)ရွာ၊ အိမ်ခြေ ၂၃၄ အိမ်နှင့် လူဦးရေ ၁၃၅၇ ဦးတို့အတွက် ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ထန်ထု-ကဆန်ခူး-ထုံလာ-ခူထီလမ်း စုစုပေါင်းလမ်းမိုင် (၁၄)မိုင်ပေါ်ရှိ ကဆုန်ခူးကျေးရွာနှင့် နမ်ပန်ဒမ်းကျေးရွာအကြား ကဆန်ချောင်းရေ တိုက်စားမှုကြောင့် မူလလမ်းဟောင်းနှင့် တံတားပြိုကျပျက်စီးသွားသည့် အခြေ အနေများနှင့် လမ်းပိုင်းနေရာအား လမ်းအူကြောင်းအသစ် ဖောက်လုပ်ဆောင်ရွက်သွားမည့် လမ်း စီမံကိန်း လုပ်ငန်းအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကမ်းပြိုအန္တရာယ်ထိန်းသိမ်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်းတိုင်းတာစိစစ်တင်ပြနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံ ကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က နောင်မွန်ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါးအပြင် သီးထပ်သီးညှပ်မျာကို နည်းစကျစိုက်ပျိုး နိုင်ရေး၊ ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေး တောင်သူများအားလုံးက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်မှု အတွက်ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရေး၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည် များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နောင်မွန်မြို့နယ်ဌာနဆိုင်ရာများ အတွက် SKY Net (၅)စုံ၊ တီရှပ်အစုံ(၄၀)၊ အားကစားဝတ်စုံ (၂၀)၊ မုန့်မျိုးစုံ (၁)ဖာနှင့် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသည့် ကဆန်ခူးကော်မတီ အတွက် ဆီကြိတ်စက်ဝယ်ယူနိုင်ရေး မတည်ထောက်ပံ့ငွေကျပ်သိန်း (၆၀)တို့အား အသီးသီးထောက် ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကျေးရွာကော်မတီအဖွဲ့ဝင်များက ကျေးရွာများ အလိုက် ရန်ပုံငွေမှ ချေးငွေပြန်လည်ရယူလိုသည့် ကိစ္စရပ်များ၊ ကျေးရွာပိုင်ဆီကြိတ်စက် ရရှိရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်က တောင်သူများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ယင်းနောက် မြို့နယ်ထွေ/အုပ်ရိပ်သာဝင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်လုပ်ငန်း စီမံကိန်းများ ဆောင်ရွက်လျက်ရှိသည့် တောင်သူများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဝယ်ယူ ထောက်ပံ့‌ပေးသည့် စပါးချွေလှေ့စက် (၂)စီးကို သက်ဆိုင်ရာကျေးရွာတာဝန်ရှိသူများထံ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ပြည်နယ်ပြန်/ဆက်