ကာမိုင်းမြို့၌ စာစီစာကုံးပြိုင်ပွဲ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကာမိုင်း အောက်တိုဘာ ၁၆

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသားကျောင်းသူများနှင့် လူငယ်လူရွယ်များ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတတ်စေရန်နှင့် စာလုံးပေါင်းသတ်ပုံ မှန်ကန်စေရန်ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို အ.ထ.ကကျောင်းနှင့် အ.ထ.က(ခွဲ)မြို့မ-၂ ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး ပါ၀င်ယှဥ်ပြိုင်ကြရာ ဆုရရှိသူများကို မြို့ဦးစီးမှူး ဒေါ်ရွှေဇင်ဦးက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ပြပွဲ ဆက်လက်ပြသရာတွင် ကလေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့် စာအုပ်များကိုခင်းကျင်းပြသ၍ ကလေးငယ်များနှင့် လူငယ်လူရွယ်များက စိတ်၀င်တစားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)