တနိုင်း မေ ၃
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်အဆင့် ကြက်ခြေနီ သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၂ ရက်နေ့ နံနက် ၉ နာရီက ပုန်ခုန်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး တနိုင်းမြို့နယ် ကြက်ခြေနီသင်တန်းမှူးမှ သင်တန်းအစီအစဥ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်မှူး ဦးခင်မောင်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြသောင်း၊ ဗိုလ်မှူးတေဇာအောင်၊ မြို့နယ်လဝကဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘောက်နော်၊ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကြက်ခြေနီသင်တန်းမှူးနှင့် နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မနောမြေ(တနိုင်း)