ဝိုင်းမော် မေ ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့အတွင်း သွေးလွန်တုတ်ကွေးကာကွယ်ရေး Abate ဆေးးခပ်မည့်အစီအစဉ်ကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦကြည်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့က မေလ ၄ ရက်နေ့မှ ၆ ရက်နေ့ထိနှင့် မေလ ၁၁ ရက်များတွင် မြို့ပေါ် (၅) ရပ်ကွက်၊ ကျေးရွာများ၊ တိုက်ပွဲရှောင်စခန်းများတွင် လည်းကောင်း၊ မေလ ၂၃ ရက်မှ ၂၅ ရက်နေ့ထိ (၃) ရက်ဆက်တိုက် အခြေခံပညာကျောင်းများ၌ လည်းကောင်း Abate ဆေးခတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမူရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြူစင်