ဗန်းမော်ခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဗန်းမော်   မေ   ၁

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း  ဒေသန္တရစီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းအခမ်းအနားကို မေလ (၁)ရက်နေ့ နံနက်(၉) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တာဝန်ပေးအပ်ခြင်းအခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦး​အောင်ဇော်လတ်က "သက်ဆိုင်ရာဌာနများအနေဖြင့် အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်နေရာများကို မြေပြင်အထိသေချာစွာ ကွင်းဆင်းပြီး  အဆင်ပြေနိုင်မည့်လုပ်ငန်းများကို လုပ်ငန်းလျာထားကြရန်နှင့် လျာထားချက်အတိုင်း ပြည့်မီအောင် ဆောင်ရွက်ကြရန်" အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက်ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်း ရည်မှန်းချက်တာဝန်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများထံသို့ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက ဗန်းမော်၊ မိုးမောက်၊ မံစီနှင့် ရွှေကူမြိုနယ် စီမံအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများထံက ပေးအပ်ခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ ဗန်းမော်ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်