ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များနှင့် ရေသန့်စက်ရုံများအား မြေပြင်ကွင်းဆင်း စစ်ဆေး

မောင်တော  ဒီဇင်ဘာ  ၁၅

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင် များ နှင့် ရေသန့်စက်ရုံများအား ယမန်နေ့ နံနက် ၉ နာရီ အချိန် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်နိုင်ဖြိုး  ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင် မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိစေရေး ၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိ အသုံးပြု မီးငြိမ်းသတ်တတ်စေရေ ၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများ သိရှိစေရေးအတွက် မီးဘေးလုံခြုံရေး ပညာ ပေး ဆိုင်းဘုတ်များ ထားရှိစေရေးတို့ကို အကြုံပြု ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေသန့်စက်ရုံအတွင်း လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားရှိရာတွင်  ဟောင်းနွမ်းနေပါက လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများနှင့် ပြန်လည်အသစ် တပ်ဆင်အသုံးပြုစေရေး၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိသည့် အခြေအနေများအား ကွင်းဆင်း စစ်ဆေးအကြုံပြုခဲ့ကြကြောင်း သိရသည်။ 

သက်လွင်စိုး (ပြန်/ဆက်)