မြောက်ဦး ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးကျင်းပသည့် အားကစားပြိုင်ပွဲကို ကုန်သည်တန်းရပ်ကွက်၊ နန်းတော်ရာကုန်းဘေး ဘောလုံးကွင်းဟောင်းအတွင်း၌ ယနေ့နံနက် ၉ နာရီစတင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကာဦးစီးမှူး ဦးမောင်မောင်လတ်က အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့် ရခိုင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ပြောကြားပြီး ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် မြောက်ဦးမြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁) ၊ အ.ထ.က(၂)၊ အ.ထက ခွဲလ(၁) စသောကျောင်းများ ရှိကျောင်းသူ၊ကျောင်းသားများက ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် သံလုံးသံပြားပစ်ပြိုင်ပွဲ များကိုဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိသော ကျောင်းသူ/ကျောင်းသားများကို တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ကြပြီး အားကစား ပြိုင်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)